Dear Soul
Dear Soul
✍️Words for the heart.🌱 Lessons from life. ✨Growing, healing & becoming.
တစ်ခါတလေ…
ကိုယ်သိပ်ချစ်ခဲ့ဖူးတဲ့လူတစ်ယောက်ကို
လွှတ်ချဖို့ ခက်နေတာ
အချစ်စစ် တစ်ခုဆိုတာထက်
သူ့လိုလူမျိုးကို နောက်တစ်ခါ မတွေ့ရတော့မှာ ကြောက်လို့ပါ...။
ဒါကြောင့်ပဲ
ကိုယ့်ကို မရွေးချယ်တော့တဲ့သူကို
ဆက်ပြီး ရွေးချယ်နေမိတယ်…။
တစ်ချိန်က သူပြောခဲ့ဖူးတဲ့ စကားတွေ၊
အတူရှိခဲ့ဖူးတဲ့ နေရာတွေ၊
ကိုယ့်ကို ပြုံးစေခဲ့ဖူးတဲ့ အမှတ်တရတွေကို
ညတိုင်း တိတ်တိတ်လေး ပြန်ဖွင့်ကြည့်မိတယ် ..။
အရင်တုန်းက ဒီလောက်တောင် ကောင်းခဲ့တာပဲ…ဆိုပြီး
ကိုယ့်ကို မပျော်ရွှင်စေတော့တဲ့နေရာမှာ
ဆက်နေမိတယ်...။
ဒါပေမယ့်…
အတိတ်က လှပခဲ့တာဟာ
အနာဂတ်မှာလည်း ဆက်ရှိနေရမယ်လို့ မဆိုလိုဘူး...။
တချို့လူတွေက
ကိုယ့်ဘဝထဲမှာ အမြဲနေဖို့ ရောက်လာတာမဟုတ်ဘူး...။
ကိုယ်မသိသေးတဲ့ သင်ခန်းစာတစ်ခုကို
သင်ပေးပြီး ပြန်ထွက်သွားဖို့ ရောက်လာကြတာပါ...။
တချို့အချစ်တွေကလည်း
ကိုယ့်ဘဝထဲကို ပျော်ရွှင်မှုတွေပဲ ယူလာဖို့ မဟုတ်ဘူး...။
“တခြားသူတစ်ယောက်က ကိုယ့်ကို မချစ်တော့ရင်တောင်
ကိုယ့်ကိုယ်ကိုတော့ မစွန့်ပစ်သင့်ဘူး” ဆိုတာ
သင်ပေးဖို့ ရောက်လာကြတာပါ...။
နာကျင်စေတဲ့ ပြတင်းပေါက်ကို
တစ်နေ့နေ့မှာတော့ ပိတ်လိုက်ပါ...။
အဲဒီပြတင်းပေါက်ကနေ
အတိတ်ကို ထိုင်ကြည့်နေရင်း
ကိုယ့်နှလုံးသားကို နေ့တိုင်း ထပ်ပြီး မကြေကွဲပါစေနဲ့...။
မလွှတ်နိုင်သေးရင်…
ဖြည်းဖြည်းချင်း လွှတ်ပါ။
မမေ့နိုင်သေးရင်…
အချိန်ပေးပါ။
နာကျင်နေသေးရင်…
ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့ .. ။
နူးနူးညံ့ညံ့လေး ဖက်ထားပေးပါ .. ။
တစ်နေ့နေ့မှာ…
ကိုယ်ပိတ်ခဲ့တဲ့ ပြတင်းပေါက်ကို ပြန်ကြည့်မိပြီ...
ကိုယ့်ကိုယ်ကို ပြန်ရွေးချယ်ခဲ့တဲ့အတွက်
ကျေးဇူးတင်မိနေပါလိမ့်မယ်…။
တချို့အရာတွေကို လွှတ်လိုက်ရတာ
ဆုံးရှုံးခြင်းမဟုတ်ဘူး..။
ကိုယ့်ဘဝကို ပြန်ရယူခြင်းပါ..။ 🌙🤍
You deserve a life that feels like peace,
not a life you have to survive.
🌿Dear Soul🤍
26/08/2026
In reality, people aren't thinking about us as much as we imagine. ✨🍂
တကယ်တော့ လူတွေက ကိုယ်ထင်သလောက် ကိုယ့်အကြောင်းကို တွေးမနေကြပါဘူး...။ ✨🍂
Instead of worrying about what others think, let's just live our lives happily. 💛
သူများအမြင်တွေအတွက် စိုးရိမ်ပူပန်နေမယ့်အစား ကိုယ့်ဘဝကိုပဲ စိတ်ချမ်းသာအောင် ဖြတ်သန်းကြည့်ပါ ..။ 💛
မင်း နေရာမှန်မှာရောက်ရင်…
မင်း တန်ဖိုးရှိကြောင်း သက်သေပြနေစရာ မလိုပါဘူး ..။ 🤍
In the right place,you won’t have to prove your worth. 🍃
Protect your peace, not your image. 🌿
လူတိုင်းရဲ့ အမြင်ကို လိုက်ပြောင်းဖို့ထက်…စိတ်ငြိမ်းချမ်းမှုကို ရွေးချယ်ပါ။ ✨
24/07/2026
Life is like a poem.📖✨
Every stanza has its own feelings. Don't stop reading, turn the page and see what's next for you. 🤍
“ဘဝဆိုတာ ကဗျာတစ်ပုဒ်လိုပါပဲ… 📖✨
အခန်းတိုင်းက မပျော်ရွှင်နိုင်သလို၊ အပိုင်းတိုင်းကလည်း မဝမ်းနည်းနေပါဘူး။
ဘာပဲဖြစ်ဖြစ် ရှေ့ဆက်ဖို့ စာမျက်နှာလေးတွေကို ရဲရဲဝံ့ဝံ့ဆက်ဖတ်နေမို့ လိုပါတယ်… 🍃✨
🤍 A beautiful soul doesn't need to be announced. it reveals itself through actions.
🤍 လှပတဲ့ စိတ်နှလုံးရှိသူဟာ ကိုယ့်ကိုယ်ကို ကြေညာနေဖို့ မလိုပါဘူး .. သူ့ရဲ့ လုပ်ရပ်တွေကပဲ အဲဒီအလှတရားကို သက်သေပြပေးနေပါတယ်..။
❤️ 𝘾𝙝𝙤𝙤𝙨𝙚 𝙡𝙤𝙫𝙚. 𝘾𝙝𝙤𝙤𝙨𝙚 𝙠𝙞𝙣𝙙𝙣𝙚𝙨𝙨. 𝘾𝙝𝙤𝙤𝙨𝙚 𝙩𝙝𝙚 𝙠𝙞𝙣𝙙 𝙤𝙛 𝙨𝙤𝙪𝙡 𝙩𝙝𝙖𝙩 𝙢𝙖𝙠𝙚𝙨 𝙩𝙝𝙚 𝙬𝙤𝙧𝙡𝙙 𝙖 𝙡𝙞𝙩𝙩𝙡𝙚 𝙗𝙧𝙞𝙜𝙝𝙩𝙚𝙧.
The right things come to the right person at the right time.
Keep growing, and let your life become the garden that attracts every blessing. 🦋🌸
🌸 မှန်ကန်တဲ့အချိန်ရောက်ရင် ကိုယ့်အတွက် ဖြစ်သင့်တဲ့အရာတွေက ကိုယ့်ဆီကို အလိုလို ရောက်လာပါလိမ့်မယ် ..၊၊
🦋ကိုယ်ဘက်က အဆင်သင့်ဖြစ်အောင် လှပတဲ့ ကိုယ်ပိုင်ဉယာဉ်လေး အရင်တည်ဆောက်ထားပါ .. ။
✨ Happiness doesn't come from pleasing everyone. It begins the moment you choose yourself. 🤍💃
✨တခြားသူတွေ စိတ်ကျေနပ်အောင် ကြိုးစားနေရတာထက် ..
မိမိကိုယ်ကို တန်ဖိုးထားပြီး ကိုယ့်စိတ်ချမ်းသာမှုကို ရွေးချယ်တဲ့အချိန်ကစပြီး .. မင်း ပျော်ရွှင်မှုအစစ်အမှန်ကို ရရှိလာမှာပါ .. 🤍
Sometimes the strongest choice isn't holding on, it's choosing yourself. 🌿🤍
တစ်ခါတလေ အရဲရင့်ဆုံးဆုံးဖြတ်ချက်ဆိုတာ ဆုပ်ကိုင်ထားခြင်း မဟုတ်ဘူး… ကိုယ့်ကိုယ်ကို ရွေးချယ်လိုက်ခြင်းပါ ... 🌿🤍
Click here to claim your Sponsored Listing.
Category
Contact the university
Telephone
Website
Address
No.11,Woodlands Close,#06-14,Woodlands 11
Woodlands
737853
Opening Hours
| Monday | 09:00 - 17:30 |
| Tuesday | 09:00 - 17:30 |
| Wednesday | 09:00 - 17:30 |
| Thursday | 09:00 - 17:30 |
| Friday | 09:00 - 17:30 |
| Sunday | 09:30 - 17:30 |
Alerts
Be the first to know and let us send you an email when Dear Soul posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.