Christian Media Center CMC
Library / Book Store & Cafe 📚📖☕
03/09/2026
"ဘဝရဲ့ ပင်ပန်းနွမ်းနယ်မှုတွေကြားထဲကမှ ကိုယ့်ရဲ့ 'အိမ်' ဆိုတာ ဘယ်သူလဲ..."
"နွမ်းလျအိမ်ပြန်" ဆိုတဲ့ စာအုပ်က ခေါင်းစဉ်လေးအတိုင်းပါပဲ ဘဝရဲ့ အတက်အကျ၊ အလွှဲအပြောင်းတွေနဲ့ စိတ်ဒဏ်ရာတွေကြားမှာ မောပန်းနွမ်းလျနေတဲ့ မိန်းကလေးတစ်ယောက်ရဲ့ သံသယ၊ ခံစားချက်နဲ့ ကိုယ့်ကိုယ်ကို ပြန်လည်ရှာဖွေတွေ့ရှိမှုကို အလှပဆုံး ပုံဖော်ထားတာပါ။
* မိန်းမတစ်ယောက်ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ ခံစားချက်အနွံတာတွေကို ခံစားရမယ်။
* ဇာတ်လမ်းရဲ့ အလှည့်အပြောင်းတိုင်းမှာ စာရေးသူရဲ့ ထိရှလွယ်တဲ့ စာသားအဖွဲ့အနွဲ့တွေကြား မျှောပါသွားရမယ်။
* ဘဝမှာ ပင်ပန်းလာတဲ့အခါ အားဆေးတစ်ခွက်လို စိတ်ကို ငြိမ်သက်စေမယ့် ခံစားချက်မျိုးကို ပေးပါလိမ့်မယ်။
စိတ်လှုပ်ရှားဖွယ် ဇာတ်လမ်းအကွေ့အကောက်တွေနဲ့အတူ ရင်ထဲ တစ်စို့စို့ ကျန်ခဲ့မယ့် စာအုပ်ကောင်းတစ်အုပ်ကို ရှာနေတယ်ဆိုရင်တော့ ဒီစာအုပ်လေးက လက်မလွှတ်သင့်တဲ့ စာအုပ်တစ်အုပ်ပါ။
CMCစာကြည့်တိုက်မှာဌားဖတ်လို့ရပါပြီ
26/08/2026
တစ်နေ့ကို ၅ မိနစ်စာ ဖတ်ရုံနဲ့ စိတ်ကို အေးချမ်းစေမယ့် ဆရာမြတ်နေရဲ့ "မျှော်လင့်ခြင်း" စာအုပ်
စိတ်ဓာတ်ကျ၊ အားငယ်နေချိန်တွေမှာ ဘဝအတွက် ခွန်အားနဲ့ အလင်းရောင်ပေးမယ့် တရားဒေသနာစာတိုလေးတွေကို နားလည်လွယ်အောင်ရေးသားထားတဲ့ စာအုပ်လေးပဲဖြစ်ပါတယ်။
အလုပ်ရှုပ်လို့ စာအုပ်အထူကြီးတွေ မဖတ်နိုင်သူတွေနဲ့ စိတ်အေးချမ်းမှု ရှာနေသူတွေ ဆောင်ထားသင့်တဲ့ စာအုပ်ကောင်းပါ။
CMC စာကြည့်တိုက်မှာဌားဖတ်လို့ရပါပြီ
20/08/2026
ညဘက်တွေမှာ တစ်ယောက်တည်း အထီးကျန်သလို ခံစားဖူးပါသလား...
ငါ့ကြိုးစားမှုကို ဘယ်သူမှ မမြင်ဘူး၊ ဘယ်သူမှ အသိအမှတ်မပြုဘူးလို့ ထင်ရတဲ့နေ့မျိုးတွေမှာ ငါတို့အားလုံးဟာ တိတ်ဆိတ်တဲ့ လင်းရောင်ခြည်တစ်ခုခုကို မျှော်လင့်မိကြတာပဲ။
ဆရာ ညီပုလေး ရဲ့ "လမင်းရဲ့ ချိုသာတဲ့ လက်ခုပ်သံ" ဆိုတဲ့ စာအုပ်လေးဟာ အဲဒီလို အထီးကျန် အားငယ်နေတဲ့ စိတ်တွေကို တိတ်တဆိတ် လာရောက်ဖက်တွယ်ပေးမယ့် နှစ်သိမ့်ဆုတစ်ခုပါပဲ။
အေးချမ်းတဲ့ ညချမ်းနဲ့ အကောင်းဆုံး လိုက်ဖက်မယ့် စာအုပ်တစ်အုပ်
ရင်ထဲ အေးချမ်းသွားစေမယ့် စာအုပ်ကောင်းတစ်အုပ် ရှာနေတယ်ဆိုရင်တော့ ဒီစာအုပ်လေးကို ဖတ်ကြည့်ဖို့ အရင်ဆုံး ညွှန်းပေးပါရစေ။ 📖💙
CMC စာကြည့်တိုက်မှာဌားဖတ်လို့ရပါပြီ🤗
12/08/2026
"သင့်အတွေးကို ပြောင်းလဲပါ၊ သင့်ဘဝကို ပြောင်းလဲပါ"
အောင်မြင်တဲ့သူတွေနဲ့ သာမန်လူတွေကြားမှာ ဘာကွာခြားလဲဆိုတာကို သင်သိပါသလား? အဲဒါကတော့ သူတို့ရဲ့ "အတွေးအခေါ်" (Mindset) ပါပဲ။
Joel Osteen ရဲ့ "Next Level Thinking" (နောက်တစ်ဆင့်အတွေး) စာအုပ်က သင့်ကို အောင်မြင်ကြွယ်ဝတဲ့ ဘဝဆီ ခေါ်ဆောင်သွားမယ့် အစွမ်းထက်အတွေးအခေါ် (၁၀) မျိုးကို မိတ်ဆက်ပေးပါလိမ့်မယ်။
ဒီစာအုပ်ကို ဖတ်ပြီးရင် -
-ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးလာမယ်။
-အခက်အခဲတွေကို အခွင့်အလမ်းအဖြစ် မြင်တတ်လာမယ်။
-ပိုမိုကောင်းမွန်တဲ့ ဘဝရည်မှန်းချက်တွေကို ချမှတ်နိုင်မယ်။
ဆရာကြီး JOEL OSTEEN ရေးသားထားတဲ့ နောက်တစ်ဆင့်အတွေး စာအုပ်ကို
CMC စာကြည့်တိုက်မှာ ငှားဖတ်လို့ရပါပြီ🤗
11/08/2026
ဒီနေ့စာကြည့်တိုက်ပိတ်ပါတယ်။
05/08/2026
"လူတစ်ယောက်ရဲ့ နာကျင်မှုကို တကယ်ပဲ ငါတို့ နားလည်ပေးနိုင်ရဲ့လား..."
ငါတို့အားလုံးဟာ ကိုယ့်ဘဝနဲ့ကိုယ် ရုန်းကန်နေကြရရင်း စာနာစိတ်ဆိုတဲ့ 'ကိုယ်ချင်းစာတရား' တွေကို မေ့လျော့ပစ်မိတတ်ကြတယ်။
နှိုင်းနှိုင်းစနေရဲ့ "နှင်းဆီမြစ် နှင့် အခြားရသဝတ္ထုတိုများ" စာအုပ်ဟာ စာဖတ်သူကို တစ်စုံတစ်ယောက်ရဲ့ ရင်ဘတ်ထဲက အသံကို သေချာနားထောင်ပေးဖို့ အေးအေးဆေးဆေးလေး တိုက်တွန်းနေသလိုပါပဲ။
စာမျက်နှာတစ်ခုချင်းစီမှာ ပါတဲ့ ဝတ္ထုတိုလေးတွေဟာ ရိုးရှင်းပေမဲ့ ရင်ကို နက်နက်နဲနဲ ထိရှစေတယ်။ စာအုပ်ကို ပိတ်လိုက်တဲ့အခါ မသိစိတ်ထဲမှာ "အင်း... ငါ အခြားသူတွေအပေါ် ပိုပြီး နွေးထွေးပေးသင့်တာပဲ" ဆိုတဲ့ စာနာစိတ်လေး ဖြစ်ကျန်ခဲ့စေမယ့် စာအုပ်ကောင်းတစ်အုပ်ပါ။
နိုင်နိုင်စနေ ရဲ့
#နှင်းဆီမြစ်နှင့်အခြားရသဝတ္ထုတိုများ
စာကြည့်တိုက်မှာဌားဖတ်လို့ရပါပြီ🤗
19/06/2026
ငြင်းဆိုဖို့ ဝန်လေးနေလား 🤔
ငြင်းသင့်သာတွေဘယ်လို ငြင်းဆိုရမလဲ🤔
အမှုတော်ဆောင်ဖြစ်ပြီး ဒီကိစ္စကိုငြင်းဆိုသင့်လား?🤔
ငြင်းဆိုလိုက်ရင်ရော ဘယ်လိုအကျိုးသက်ရောက်မလဲ🤔
မငြင်းဆိုရင်ရော ဘယ်လို အကျိုး သက်ရောက်မလဲ🤔
တွေဝေနေရင်တော့ ဒီစာအုပ်ကိုဖတ်သင့်ပါတယ်။
Robert Harden ရေးသားထားပြီး ဒေါက်တာသာထွန်းဦး ဘာသာပြန်ထားသော "ငြင်းဆိုခြင်းသည်မပြစ်မဟုတ်ပါ"စာအုပ်ကို
ာကြည့်တိုက်တွင်ဌားဖတ်လို့ရပါပြီ။
09/06/2026
တနင်္ဂနွေနေ့ ကျမ်းစာသင်သည့်အခါ ဤစာအုပ်က သင့်ကို လမ်းညွှန်ပေးလိမ့်မည်။
အချိန်ကာလများစွာ အစမ်းသပ်ခံရသော ဘုကားပစေခံတစ်ဦး၏ အသက်သာပို့ချမှု အတွေ့အကြုံထဲက ရရှိသော ညဏ်ပညာများမျှဝေထားသောစာအုပ်ဖြစ်ပါသည်။🤗
သင်ကြားရေးနဲ့ပတ်သက်၍ လိုအပ်သောဗဟုသုတပေးနိုင်သည့် စာအုပ်တွေကို အချိန်ပေး၍ မဖတ်နိုင်သူများဖတ်သင့်သောစာအုပ်ဖြစ်ပါသည်။🤗
ဉပုသ်စာဖြေကျောင်းတွင် ပထမခြေလှမ်းအနေနှင့်ထိရောက်စွာ သင်ကြားပေးနိုင်ရန်လျှို့ဝှက်ချက်များနှင့် ထိရောက်သော လမ်းညွှန့်မှုပေးနိုင်သည့် စာအုပ်ဖြစ်ပါသည်။😍
ကျော်မဖတ်ဘဲ အခန်းတိုင်းကပေးသည့် အနှစ်ချုပ်များကြောင့် ညဏ်ပညာသတ္တုအစိုင်အခဲကို တူးဖော်ရရှိသကဲ့သို့ ဝမ်းမြောက်ရလိမ့်မည်။😱🥰
Elmer Towns ကရေးသားထားသည့်၊Elizabeth Chain က မြန်မာပြန်ပြီး ခရစ်ယာန်မီဒီယာစင်တာ(CMC) ကထုတ်ဝေထားသော "ဉပုသ်စာဖြေသင်ကြားပို့ချသူတိုင်းသိသင့်သည်"စာအုပ်ကို
CMC,CLC,Bible Society, Z-Kae,ABV စာအုပ်ဆိုင်များတွင်ဝယ်ယူလို့ရပါပြီ။
04/06/2026
ဘာကြောင့်ဆုတောင်းရသလဲ?🤔
နေ့စဉ်ဘယ်လိုဆုတောင်းရမလဲ?👀
ဆုတောင်းဖို့ က ခရစ်ယာန်အသက်သာမှာ အကောင်းဆုံးလက်နက်တစ်ခုပါ။
Dick Broadbent,Daniel Hardigree,Jim Stone,Peggy Spots တို့ရေးသားထားပြီး Christian Media Center (CMC) မှ ဘာသာပြန်ဆိုထုတ်ဝေထားသော ဆုတောင်းလက်ဆွဲစာအုပ်ကို
ာကြည့်တိုက်တွင်ဌားဖတ်လို့ရပါပြီ။
ဝယ်လိုယူပါက CMC စာကြည့်တိုက်,CLC, Bible Society,CLC,Z-Kae, ABV စာအုပ်ဆိုင်တွေမှာ ဝယ်ယူလို့ပါရပြီ။
03/06/2026
လူတွေ ဘာလို့နောက်သို့ရွှေ့နေချင်ကြတာလဲ🤔
မည်သို့လုပ်ဆောင်ရမည်ကိုသိသော်လည်းမလုပ်ဆောင်ဘဲနောက်သို့ရွှေ့ဆိုင်းတတ်သောကြောင့် မအောင်မြင်ခြင်းအကြောင်းရင်းတစ်ခုဖြစ်ပါသည်။🫡
အသေးဖွဲ့ဟုထင်ရသော နေ့စဉ်သာမန်ရွေးချယ်မှုနှင့် အပြောင်းလဲများကို အဆက်မပြက်လုပ်ဆောင်ခြင်းဖြင့် မိမိမသိလိုက်သည့်အချိန်အတွင်း တိုးတက်ပြောင်းလဲနိုင်ပါသည်။💁🥰
ထိုအသေးဖွဲ့အလုပ်ကိစ္စများနဲ့အခြေနေများကြားတွင် အကောင်းဆုံးရွေးချယ်ရန်ကြိုးစားနေသည့် သင့်အတွက် ဤစာအုပ်က အထောက်အပံ့ ကြီးကြီးမားမား ဖြစ်စေလိမ့်မည် ဟုယုံကြည်မိပါသည်။
Kim Tae Heaung ရေးသားထားပြီ ခင်စုစုစံ ဘာသာပြန်ထားသော "လူတွေဘာလို့နောက်ရွေ့ချင်နေရတာလဲ"စာအုပ်ကို🤗
ာကြည့်တိုက်တွင်ဌားဖတ်လို့ရပါပြီ။
Category
Telephone
Website
Address
Insein
Opening Hours
| Monday | 09:00 - 15:00 |
| Tuesday | 09:00 - 15:00 |
| Wednesday | 09:00 - 15:00 |
| Thursday | 09:00 - 15:00 |
| Friday | 09:00 - 15:00 |
Alerts
Be the first to know and let us send you an email when Christian Media Center CMC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.