Man United Report

Man United Report

Share

We are presenting the latest news from Manchester United Football Club for Global fans.

01/09/2026

✅ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကြယ်ပွင့် ကိုဘီမိုင်နူးကတော့ အသင်းအတွက် အရေးပါလှတဲ့ ကစားသမားဖြစ်တယ်ဆိုတာ ပုံမှန်သက်သေပြနေဆဲပါပဲ။ ကိုဘီ တကယ်ကောင်းတယ်ဆိုတာ ငြင်းပါယ်လို့ မရတဲ့ အမှန်တရားတစ်ခုဖြစ်ပါတယ်။ ကွင်းလယ်နဲ့ တိုက်စစ်ကို အနုပညာဆန်ဆန် လှပညက်ညောစွာ ကောင်းကောင်းချိတ်ဆက်နိုင်သလို ခံစစ်ပိုင်းလိုအပ်ချက်အချို့ကိုလည်း ဖြည့်နိုင်ခဲ့တာပါ။

▪ ကိုဘီ ခြေစွမ်းကောင်းခြင်းရဲ့ အကျိုးဆက်ကတော့ ဘရူနိုကို တိုက်စစ်ပိုင်းအထိ စိတ်ချလက်ချ လိုက်ပါခွင့်ပေးနိုင်သလို၊ Defensive Midfield မှာရှိတဲ့ တိုင်လိစ်မန်းအတွက်လည်း သက်သာရာ ရစေပါတယ်။ ကိုဘီအတွက် ကစားသမားသစ် ဘလီဘာနဲ့ဆိုရင် စိတ်လှုပ်ရှားစရာ ပိုကောင်းတဲ့ ကွင်းလယ်အတွဲအဖက် ဖြစ်လာနိုင်ပါတယ်။ ကိုဘီဟာ ယူနိုက်တက်အတွက်တော့ တကယ်မရှိမဖြစ် essential player ပါပဲ။

30/08/2026

✅ မန်ချက်စတာယူနိုက်တက်အသင်းကတော့ ပရီးမီးယားလိဂ် ပွဲစဥ်-၂အဖြစ် အစ်ဝှစ်တောင်းအသင်းနဲ့ အိမ်ကွင်း အို့ထရက်ဖို့ဒ်မှာ ကစားခဲ့ပါတယ်။ ဒီပွဲမှာတော့ ယူနိုက်တက်တို့ ပြိုင်ဘက်ကို အသာစီးကစားနိုင်ခဲ့ပြီး ၅-၂ဆိုတဲ့ ရလဒ်နဲ့ ရမှတ် ၃မှတ် စတင်စုဆောင်းနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။

▪ ယူနိုက်တက်အတွက် သွင်းဂိုးတွေကိုတော့ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်က ဟတ်ဒရစ်သွင်းဂိုးနဲ့အတူ ဟာရီမက်ကွိုင်းယား နဲ့ တိုက်စစ်မှုး အမ်ဘူမိုတို့က သွင်းဂိုး တစ်ဂိုးစီ သွင်းယူပေးခဲ့ကြပါတယ်။ ဒီပွဲဟာ ယူနိုက်တက်အတွက် အမှန်တကယ် စိတ်ကျေနပ်စရာ ရလဒ်တစ်ခုပါပဲ။

27/08/2026

✅ မန်ချက်စတာယူနိုက်တက်အသင်းရဲ ကွင်းလယ်လူ မေဆန်မောင့်ကတော့ ဒီတစ်ပတ်မှာ ကစားရမယ့် အစ်ဝှစ်တောင်းအသင်းနဲ့ ပွဲစဥ်မှာ အသင်းရဲ့ လူစာရင်းနဲ့အတူ ပြန်လည်ပါဝင်လာမယ်လို့ ဆိုလိုက်ပါတယ်။ မောင့်အနေနဲ့ ပြီးခဲ့တဲ့ PSGနဲ့ ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲမှာ အသေးစား ဒဏ်ရာရခဲ့တာ ဖြစ်ပြီး၊ အခုချိန်မှာ ပြန်လည်ကောင်းမွန်လာခဲ့တာပါ။

▪ မောင့်တစ်ယောက် ဒီတစ်ပတ်လုံး လေ့ကျင့်ခန်း အပြည့်အဝ ပူးပေါင်းခဲ့သလို၊ အသင်းနဲ့အတူ ပြန်လည်ပါဝင်လာနိုင်ခြင်းက ယူနိုက်တက်အတွက် အပေါင်းလက္ခဏာ တစ်ရပ်လို့ ဆိုနိုင်ပါတယ်။ ဒဏ်ရာကင်းစင်နေချိန်တိုင်းမှာ ပုံစံကောင်းပြသနိုင်တဲ့ မေဆန်မောင့်ရဲ့ခြေစွမ်းကို ဒီတစ်ပတ်မှာ စောင့်ကြည့်ကြရမှာပါ။

25/08/2026

✅ မန်ချက်စတာယူနိုက်တက်အသင်းအတွက် သတင်းကောင်းတစ်ခုအနေနဲ့ ဒီတစ်ပတ်မှာ ကစားရမယ့် အစ်ဝှစ်တောင်းနဲ့ပွဲစဥ်မှာ အာမတ်ဒီယာလို ပြန်ပါလာနိုင်မယ်လို့ ဆိုထားပါတယ်။ ဟူးစီးတီးကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ အာမတ် မပါတဲ့တောင်ပံဟာ အတော်လေးအားနည်းနေခဲ့ပြီး၊ တိုက်စစ်ပိုင်းက သိသိသာသာ အလုပ်မဖြစ်ခဲ့တာပါ။

▪ ပြိုင်ဘက်ခံစစ်ကို ကောင်းကောင်းမွှေနှောက်နိုင်တဲ့ အာမတ် ပြန်လာနိုင်ခြင်းက တကယ်ကျေနပ်စရာပါပဲ။ တဆက်တည်းမှာပဲ ကွင်းလယ်လူ မေဆန်မောင့်လည်း ဒီတစ်ပတ်ပွဲစဥ်မှာ အသင်းနဲ့အတူ ပြန်လည်ပါဝင်လာဖို့ ရှိနေပြီး၊ မိုက်ကယ်ကာရစ်အတွက်တော့ ရွေးချယ်စရာအပြည့်နဲ့ အားတက်စရာ ဖြစ်ပါတယ်။

23/08/2026

✅ မန်ချက်စတာယူနိုက်တက်အသင်းကတော့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဥ်မှာ ဟူးစီးတီးကို ရှုံးနိမ့်ခဲ့ရပါတယ်။ ဒီပွဲဟာ နည်းပြမိုက်ကယ်ကာရစ်အတွက် First Line up မှာ ထုတ်သုံးရမယ့် ပွဲထွက်အခင်းအကျင်းအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်ခဲ့တာပါ။ အထောင်တိုက်စစ်မှုး စစ်စစ် မသုံးပဲ၊ ကွန်ညာကို အထောင်ထားပြီး ဘယ်ခြမ်းမှာ ဒေါ်ဂူနဲ့ ညာခြမ်းမှာ ဘူမိုတို့ ပွဲထွက်လာတဲ့အခင်းကျင်းက အလုပ်မဖြစ်ခဲ့ပါဘူး။

▪ ဒုတိယပိုင်း ဒေါ်ဂူနေရာ မားကပ်ဝင်လာတဲ့အချိန်မှာတော့ ယူနိုက်တက်တိုက်စစ်ပိုင်း သိသိသာသာ တိုးတက်လာတာကိုတွေ့ရပြီး၊ မားကပ်ဟာ ပွဲထွက်ခွင့်နဲ့ထိုက်တန်ကြောင်း သက်သေပြခဲ့ပါတယ်။ ဒါ့အပြင် ကိုဘီ မပါတဲ့ ကွင်းလယ်ထက် ကိုဘီဝင်လာပြီးနောက်ပိုင်း ကွင်းလယ်ဟာ တိုးတက်မှုရှိခဲ့ပြီး နောက်ပွဲတွေမှာ ပွဲထွက်ခွင့်ရဖို့ ရှိနေတာပါ။

19/08/2026

✅ မန်ချက်စတာယူနိုက်တက်အသင်းကတော့ ကစားသမားသစ် ခေါ်ယူမှုအဖြစ် ဘရိုက်တန်ကစားသမား ကားလို့စ်ဘယ်လ်ဘာကို ခေါ်ယူလိုက်ပြီပဲ ဖြစ်ပါတယ်။ အသက်၂၂နှစ်အရွယ် ဘယ်လ်ဘာကို ၅နှစ်စာချုပ်နဲ့ ပြောင်း‌ေရွ့ကြေး ပေါင်သန်း ၆၀ + အပိုဆုကြေး ၅သန်းနဲ့ သဘောတူခဲ့တာလို့ Fabrizio ကိုယ်တိုင် အတည်ပြုလိုက်တာပါ။

▪ နည်းပြကြီး မိုက်ကယ်ကာရစ်အတွက် ယူနိုက်တက်တာဝန်ရှိသူတွေကတော့ နောက်ထပ် ကွင်းလယ်လူတစ်ယောက် ထပ်မံ ဖြည့်တင်းပေးလိုက်တာဖြစ်ပြီး၊ ဘယ်လ်ဘာဟာ ဘယ်တောင်ပံခံစစ်ကိုလည်း အကောင်းဆုံး ကစားနိုင်သူ ဖြစ်ပါတယ်။ သိုသိုသိပ်သိပ်နဲ့ ခေါ်ယူနိုင်ခဲ့တာကတော့ တကယ်အံ့သြစရာပါပဲ။

18/08/2026

✅ မန်ချက်စတာယူနိုက်တက် ပရိတ်သတ်တွေအတွက် စိတ်လှုပ်ရှားစရာအကောင်းဆုံး ပြိုင်ပွဲကြီးတစ်ခုဖြစ်တဲ့ ပရီးမီးယားလိဂ်ရဲ့ ပထမဆုံးပွဲစဥ်ကို ဒီတစ်ပတ်မှာ စတင်မှာဖြစ်ပါတယ်။ ယူနိုက်တက်တို့အနေနဲ့ ဟားစီးတီးအသင်းကို အဝေးကွင်းမှာ သွားရောက်ယှဥ်ပြိုင်ရမှာပါ။

▪ ဒီရာသီမှ တန်းတက်လာခဲ့တဲ့ ဟားစီးတီးအသင်းကို၊ ပြီးခဲ့တဲ့ ရာသီထက် ပိုကောင်းတဲ့စုဖွဲ့မှုတစ်ခု တည်ဆောက်ထားတဲ့ ယူနိုက်တက်တို့ အကောင်းဆုံး ပုံစံတစ်ခုကို ပြသပြီး အနိုင်ယူသွားဖို့ ရှိနေပါတယ်။ ယူနိုက်တက်တို့ ရာသီသစ် ပထမဆုံးတာထွက်ကို လှလှပပလေးနဲ့ လုပ်ပြမှာတော့ အသေအချာပါပဲ။

15/08/2026

✅ မန်ချက်စတာယူနိုက်တက်အသင်းကတော့ ရာသီကြိုပြင်ဆင်မှုအနေနဲ့ ဒီနေ့ညမှာ စီးရီးအေထိပ်တန်းကလပ် အေစီမီလန်အသင်းနဲ့ ခြေစမ်းပွဲစဥ် ကစားဖို့ရှိနေပါတယ်။ ဒီပွဲမှာတော့ ယူနိုက်တက် ပရိတ်သတ်တွေအတွက် စိတ်ဝင်စားစရာတချို့ ရှိနေတာပါ။

▪ ယူနိုက်တက်နည်းပြဟောင်း လက်ရှိ အေစီမီလန်နည်းပြဖြစ်သူ အမိုရင်နဲ့ ထိပ်တိုက်တွေ့မှာ ဖြစ်သလို၊ ယူနိုက်တက်ဆီ တကျော့ပြန် ရောက်ရှိလာတဲ့ မားကပ်ရက်ရှ်ဖို့ဒ် ပြန်လည်ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒီနေ့ညပွဲစဥ်ဟာ ယူနိုက်တက်ရဲ့ ရာသီကြိုခြေစမ်းပွဲစဥ် နောက်ဆုံးပွဲစဥ်လည်း ဖြစ်ပါတယ်။

15/06/2026

✅ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှုး မားကပ်ရက်ရှ်ဖို့ဒ်ရဲ့ နောက်ဆုံး ထွက်ပေါ်လာတဲ့ အပြောင်းအရွေ့ကတော့ အမှန်တကယ် စိတ်ဝင်စားစရာ ကောင်းနေပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ မားကပ်ကို ဘာစီလိုနာအသင်းဘက်မှ အပြီးသတ်ခေါ်ယူတော့မှာ မဟုတ်ကြောင်း တရားဝင်ဆုံးဖြတ်ခဲ့သလို၊ နောက်ဆက်တွဲ ဘိုင်ယန်မြူးနစ်နဲ့ သတင်းအနည်းငယ် ထွက်နေခဲ့တာပါ။

▪ ဒီနေ့မှာတော့ ယူနိုက်တက်နည်းပြ မိုက်ကယ်ကာရစ်ဟာ မားကပ်အနေနဲ့ ဆန္ဒရှိမယ်ဆိုရင် ယူနိုက်တက်ရဲ့ အနာဂတ်မှာ တခါးဖွင့်ပေးထားတယ်လို့ ဆိုထားပါတယ်။ မားကပ်ကိုယ်တိုင်လည်း လက်ရှိယူနိုက်တက်ကစားသမားတွေနဲ့ အသင်းဆီ ပြန်လာမယ့်ကိစ္စ စကားပြောခဲ့ရာမှာ အပေါင်းလက္ခဏာ ဆောင်ခဲ့တယ်လို့ သိရပါတယ်။

11/06/2026

✅ မန်ချက်စတာယူနိုက်တက်အသင်းကတော့ ရာသီသစ်အတွက် လူအင်အား အတောင့်တင့်ဆုံး ဖြစ်စေဖို့အတွက် အကောင်းဆုံး ပြင်ဆင်နေပြီး၊ ကစားသမားသစ် ခေါ်ယူမှုတွေအတွက် ဆက်တိုက် ကြိုးပမ်းလာတာကို တွေ့ရပါတယ်။

▪ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ဘရာဇီးလက်ရွေးစင် အီဒါဆန်ကို ခေါ်ယူနိုင်ခဲ့ပြီးနောက်မှာ၊ နောက်ထပ် ကွင်းလယ်ပိုင်း အားဖြည့်မှုအဖြစ် ဝက်စ်ဟမ်အသင်းရဲ့ ကွင်းလယ်လူ မာတီယပ်ဖာနန်ဒက်ကို ခေါ်ယူဖို့ စတင်ကြိုးစားလိုက်ပါပြီ။ ဝက်စ်ဟမ်းအသင်းဘက်က ပြောင်းရွေ့ကြေး ပေါင် ၈၅သန်း သတ်မှတ်လိုက်ပြီး၊ ယူနိုက်တက်ဘက်က ငြိနှိုင်းမှုတွေ စတင်လုပ်‌ဆောင်နေပြီး မကြာခင်မှာ သဘောတူညီမှု တစ်ခု ရဖို့ရှိနေတယ်လို့ ဆိုထားပါတယ်။

Want your business to be the top-listed Media Company in Manchester?
Click here to claim your Sponsored Listing.

Website

Address


Manchester

Alerts

Be the first to know and let us send you an email when Man United Report posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Manchester.